Best Web Design Trends for Fall 2017

Authentic, handcrafted design that gives your site subtle, confident appeal.

Check Out

Hello World!

UIUX Lab carefully crafts original design assets and publishes articles about UI/UX trends!

Check Out

Beautiful Free & Premium Responsive Template

Carefully crafts original design assets and publishes articles about UI/UX trends, HTML5 creative theme, interactive website, freebies and premium WordPress theme. Just be yourself!

[Unicode] ၁။ မန်ယူနိုက်တက်အသင်းအနေနဲ့ လက်စတာဗဟိုခံစစ်ကစားသမား ဟယ်ရီမက်ဂွဲရားကိုသာ ခေါ်ယူချင်တယ်ဆိုပါက ပေါင်သန်း (၈၀)ကမ်းလှမ်းမှုမှာ ပေးရလွယ်မယ့် ထပ်ဆောင်းပြောင်းရွှေ့ကြေးတွေ ထည့်သွင်းပေးဖို့ လိုအပ်နေကြောင်း သိရပါတယ်။ လက်စတာဟာ မန်ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမှ ပေမယ်ဆိုတဲ့ ထပ်ဆောင်းပြောင်းရွှေ့ကြေးမျိုးကို ယုတ္တိမရှိဘူးဆိုကာ လက်မခံနိုင် ဖြစ်နေပါတယ်။ ၂။ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို မန်ယူနိုက်တက်အသင်း ခေါ်ယူနိုင်ဖို့ အရမ်းနီးစပ်နေတယ်ဆိုပြီး ပေါ်တူဂီသတင်းဌာနတွေက အပြိုင်ဖော်ပြနေကြပါတယ်။ ဒါပေမယ့်လည်း Sky Sports သတင်းဌာနကတော့ အဆိုပါ အသက် (၂၄)နှစ်သားကို သရဲနီတို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ အတည်ပြုထားပါတယ်။…

reading now

[Unicode] ၁။ ခရစ်စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်ကတော့ သူ့ရဲ့တိုက်စစ်ကစားသမား ဇာဟာကို ဆက်ထိန်းထားနိုင်ဖို့ မသေချာတော့ဘူးလို့ ဖွင့်ဟလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနွေတလျှောက်လုံး အိုက်ဗရီကို့စ်သားကို ကြိုးပမ်းခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ပီပီကို ခေါ်ယူနိုင်တော့မှာဖြစ်တဲ့အတွက် စိတ်မဝင်စားတော့ကြောင်း သိရပါတယ်။ ၂။ အသက် (၂၆)နှစ်အရွယ် ဂိုးသမားလေး မာတီနက်ဇ်ဟာ လိဂ်ချန်ပီယံရှစ်ကလပ်အသင်းတွေဆီက ကမ်းလှမ်းမှုတွေ ရရှိထားပေမယ့်လည်း အာဆင်နယ်အသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ၃။ လူငယ်တိုက်စစ်ကြယ်ပွင့်လေး ဇာဗီယာအမေးချီကို ဂျာမနီကလပ် ဟမ်းဘတ်အသင်းထံ ပေါင် (၂.၅)သန်းနဲ့…

reading now

[Unicode] ၁။ အရည်အသွေးမြင့်လူငယ်တိုက်စစ်ကြယ်ပွင့်လေးအဖြစ် သတ်မှတ်ခံထားရတဲ့ ဇာဗီယာအမေးချီဟာ အာဆင်နယ်အသင်းကနေ ဟမ်းဘတ်အသင်းကို ပေါင် (၂.၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပြန်လည်ခေါ်ယူခွင့် မထည့်သွင်းခဲ့ပေမယ့် အနာဂတ်မှာ ရောင်းချခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ ရာနှုန်းတချို့ခံစားခွင့်ကိုတော့ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ၂။ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်ကစားသမား ဂါရက်ဘေးလ်ကို ရှင်းထုတ်ခဲ့ပြီးရင် မန်ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို ပေါင်သန်း (၁၅၀)နဲ့ ခေါ်ယူသွားလိမ့်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ၃။ မန်ယူနိုက်တက်တိုက်စစ်မှူး လူကာကူကတော့ သူ့ရဲ့သတ်မှတ်တန်ကြေးကို လျှော့ချပေးဖို့အတွက် မန်ယူနိုက်တက်ကို တောင်းဆိုခဲ့ပါတယ်။…

reading now

[Unicode] တောင်ပံတိုက်စစ်ကစားသမား နီကိုးလက်စ်ပီပီဟာ အာဆင်နယ်အသင်းဟာ တပတ်လုပ်ခ ပေါင် (၁)သိန်းနဲ့ (၁)သိန်းခွဲကြားရရှိသွားမှာဖြစ်ပြီး (၅)နှစ်စာချုပ်လိမ့်မယ်လို့ သိရပါတယ်။ ဂန်းနားတို့ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ အိုက်ဗရီကို့စ်သားကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် (၇၂)သန်းအထိ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ နာပိုလီအသင်းကလည်း ဈေးတူပမာဏနဲ့ကမ်းလှမ်းထားချိန်မှာ လိုင်လီဥက္ကဌဂျာရတ်လိုပက်ဇ်ကိုယ်တိုင်က ကစားသမားဆန္ဒရှိရာ ကလပ်အသင်းဆီပဲ ရောင်းချသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ကစားသမားကို ဆွဲဆောင်ဖို့ရာ တနှစ်လုပ်ခ ပေါင် (၄.၅)သန်းပေးချေသွားဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် အေးဂျင့်ဖြစ်သူကိုလည်း ပေါင် (၅)သန်းလောက် ကော်မရှင်ခ ပေးခဲ့ပါတယ်။…

reading now

[Unicode] ၁။ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်က သူတို့အသင်းအနေနဲ့ ဗဟိုခံစစ်ကစားသမား ဟယ်ရီမက်ဂွဲရားအတွက် လက်သင့်ခံလောက်စရာ ကမ်းလှမ်းမျိုးအခုထက်ထိ မရရှိသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။ ၂။ အဲဗာတန်ကွင်းလယ်ကစားသမား အီဒရစ်ဆာဂွီရီနဲ့ ပီအက်စ်ဂျီတို့ရဲ့အပြောင်းအရွှေ့ဟာ အခုထက်ထိ အပြီးသတ်ခြင်းမရှိသေးဘူးလို့ နည်းပြမာကိုဆေးဗားလ်က ပြောကြားခဲ့တာကြောင့် ပြင်သစ်ကလပ်အသင်းအနေနဲ့ အသက် (၂၉)နှစ်သားကို ခေါ်ယူနိုင်ဖို့ မရေမရာ ဖြစ်လာခဲ့ပါတယ်။ ၃။ ချယ်လ်ဆီးနည်းပြဖြစ်သူ ဖရန့်ခ်လမ်းပတ်ကတော့ နှစ်ဦးပေါင်း ပေါင်သန်း (၈၀)ဝန်းကျင်ကုန်ကျခဲ့တဲ့ ကွင်းလယ်ကစားသမား ဘာကာယိုကိုနဲ့ ဒန်နီဒရင့်ဝါးတားတို့ကို စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာခွင့်ပေးခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်း ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။ ၄။…

reading now

[Unicode] စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းဟာ မန်ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းနဲ့အပြိုင် ခေါ်ယူဖို့အတွက် တိုက်စစ်ကစားသမား ဒီဘားလားကို အလိုက်ပေးကမ်းလှမ်းမယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးအတွက် အင်တာမီလန်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့တော့ ခက်ခဲနေခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၃.၉)သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး အဆိုပါကမ်းလှမ်းချက်ကို သရဲနီတို့ဘက်က ပယ်ချထားခဲ့တာပါ။ ယူနိုက်တက်ဟာ အသက် (၂၆)နှစ်သားအတွက် ပေါင် (၇၉)သန်း အလိုရှိနေတာ ဖြစ်ပါတယ်။ ဒီတပတ်အတွင်းမှာပဲ အင်တာမီလန်ဟာ သူတို့ပစ်မှတ်ကစားသမားအတွက် ကြေးတိုးမြှင့်ကမ်းလှမ်းဖို့…

reading now

[Unicode] ၁။ ရီးယဲလ်မက်ဒရစ်အသင်းဟာ မန်ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို အရခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီဖြစ်ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ ၂။ ဘေယန်မြူးနစ်အသင်းဟာ မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား လီရွိုင်းဆာနေးကို ပေါင်သန်း (၉၀)နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ စီးတီးနည်းပြပက်ဂွာဒီယိုလာကတော့ ကစားသမားကသာ အသင်းမှာဆက်မနေချင်ရင် ရောင်းချသွားမှာဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ၃။ မန်ယူနိုက်တက်တိုက်စစ်မှူးလူကာကူကတော့ အင်တာမီလန်အသင်းကို ပေါင်သန်း (၇၀)နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ Daily Mail က ဖော်ပြပါတယ်။ အသက် (၂၆)နှစ်သားဟာ ခြေစမ်းခရီးစဉ်ကအပြန်မှာ မန်ချက်ကစတာကို…

reading now

[Unicode] ၁။ မန်ယူနိုက်တက်အသင်းကတော့ နယူးကာဆယ်အသင်းရဲ့ လူငယ်ကွင်းလယ်ကြယ်ပွင့်လေး ရှောင်လောင်းစတက်ဖ်ကို ခေါ်ယူဖို့ ပေါင်သန်း (၃၀)နဲ့အထက် သုံးစွဲဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ ၂။ လက်စတာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဒီမာရိုင်ဂရေးကတော့ မန်ယူနိုက်တက်ပစ်မှတ် မက်ဂွဲရားတယောက် လက်စတာကနေ ထွက်ခွာသွားမှာကို မစိုးရိမ်မိကြောင်းနဲ့ ကစားသမားအနေနဲ့ သတင်းတွေက ဖော်ပြသလို အပြောင်းအရွှေ့ဖြစ်မလာသေးလို့ မကျေမနပ်ဖြစ်နေတယ်လို့ မယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ၃။ လာဇီယိုကွင်းလယ်ကစားသမား မီလင်ကိုဗစ်-ဆာဗစ်ကို ခေါ်ယူဖို့အတွက် မန်ယူနိုက်တက်အသင်း ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေမှာ မဟုတ်မှန်ဘူးလို့ Express Sport က ဖော်ပြသွားခဲ့ပါတယ်။…

reading now

[Unicode] အသက် ၁၈နှစ်အရွယ် တိုက်စစ်ကစားသမားလေး အိုဒွိုင်းဟာ ချယ်လ်ဆီးအသင်းနဲ့ အနာဂတ်မရေရာတော့ဘူးဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ငါးနှစ်စာချုပ်သစ်ကို ချုပ်ဆိုပါတော့မယ်။ အဲဒီအတွက် စာချုပ်သစ်ချုပ်ဆိုပြီးချိန်ကျရင် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဟာဇက်ရဲ့ ကျောနံပါတ် ၁၀ကို သူ့ကို ပေးပါဆိုပြီး အင်္ဂလန်သားလေးက ချယ်လ်ဆီးအသင်းထံ တောင်းဆိုနေကြောင်း သိရပါတယ်။ လစ်လပ်နေတဲ့ ကျောနံပါတ် ၁၀ကို ဝါရင့်တောင်ပံတိုက်စစ်ကစားသမား ဝီလီယံကလည်း ဝတ်ဆင်လိုကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ဖွင့်ဟထားတာပါ။ နည်းပြလမ်းပတ်ကတော့ ဒီနံပါတ်ကို ဘယ်ကစားသမားဆီ ပေးအပ်မလဲဆိုတာ မဆုံးဖြတ်ရသေးကြောင်း အတည်ပြုထားပါတယ်။ အိုဒွိုင်းအနေနဲ့…

reading now

[Unicode] အာဆင်နယ်အသင်းဟာ တိုက်စစ်ကြယ်ပွင့်လေး ဇာဗီယာအမေချီကို လက်လွှတ်ရဖို့ နီးစပ်လာပြီဖြစ်ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ ဆယ်ကျော်သက်တိုက်စစ်ကစားသမားလေးဟာ အမ်းမရိတ်မြေရဲ့ အထွန်းတောက်ဆုံးကြယ်ပွင့်တွေထဲက တဦးအဖြစ် သတ်မှတ်ခြင်းခံရပေမယ့်လည်း စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သူပါ။ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အာဆင်နယ်အသင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် အင်္ဂလန်ပြည်တွင်းကလပ်တွေအပြင် ပြည်ပကလပ်တွေကပါ အမေချီကို စိတ်ဝင်စားနေကြပြီး ဂျာမနီမြေကို ပြောင်းရွှေ့ဖို့ ပိုမိုဖြစ်နိုင်ဖွယ် ရှိနေပါတယ်။ အမေချီဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဖူလ်ဟမ်အသင်းကနေ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပေမယ့် အခုထက်ထိ အသင်းကြီးအတွက် ကစားခွင့် မရသေးပါဘူး။ နိုင်ငံတကာပွဲစဉ်ကာလတွေအတွင်း ဒဏ်ရာရသွားမှုက…

reading now

  • 1
  • 2
error: Content is protected !!